Sunday, June 28, 2020

ပြည်ပမှပြန်လာသူယောင်ဆောင်ကာ အိမ်ခြေမဲ့အမျိုးသားက ကြယ်ငါးပွင့်ဟိုတယ်တွင် ၁၄ ရက် နေထိုင်သွားခဲ့

နယူးဇီလန်နိုင်ငံ အော့ခ်လန်းမြို့တွင် အိမ်ခြေမဲ့အမျိုးသားတစ်ဦးသည် ပြည်ပမှပြန်လာသူအယောင်ဆောင်ကာ ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင် ၁၄ ရက်ကြာ လာ ရောက်နေထိုင်သွားခဲ့သည်ဟု သိရသည်။
အဆိုပါအိမ်ခြေရာမဲ့အမျိုးသားသည် ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင် ၁၄ ရက်နေ ပြီး ပြန်ရခါနီးတွင် လိပ်စာမေးသည့်အခါမှ အိမ်ခြေရာမဲ့တစ်ဦးမှန်းသိရှိ ခဲ့ရခြင်းဖြစ်သည်။ ပြည်ပမှပြန်လာသူမဟုတ်ဘဲ Qu-arantine ဝင်ရန်တန်းစီနေသူများ၏အနောက်တွင် ဝင်တန်းစီခဲ့ရုံသာဖြစ်သည် ဟု ဆိုခဲ့သည်။
အမျိုးသားပါတီမှ လွှတ်တော်အမတ် Michael Wood-house က "အိမ်ခြေမဲ့တစ်ယောက်က ကြယ်ငါး ပွင့်ဟိုတယ်မှာ တစ်နေ့ထမင်းသုံးနပ်စားပြီး အစိုးရရဲ့ထောက်ပံ့မှုကို လိမ်ယူသွားခဲ့တာပါ။ ရှက်စရာကောင်းတဲ့ကိစ္စပါပဲ။ ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ရှိနေမှာစိုးလို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာပါ"ဟု ဆို ခဲ့သည်။
မကြာသေးမီကလည်း ကမ္ဘာ လှည့်ခရီးသွားတစ်ဦးသည် နေမကောင်း၍ ဆေးရုံရောက်လာသည့်အချိန်မှ Quarantine ၁၄ ရက်ဝင်ရကြောင်းသိရှိပြီး Heathrow လေဆိပ်၌ မည်သူကမှ Quarantine ဝင်ရန်ပြောဆိုခဲ့ခြင်းမရှိဟု ဆိုခဲ့ကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<

No comments:

Post a Comment