Sunday, June 28, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ဆက်လက်မြင့်တက်နေတဲ့ အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေဟာ ဆက်လက်မြင့်တက်နေပါတယ်။ အခုလ(၂၇)ရက်နေ့က ဗိုင်းရပ်စ်ကူးစက်မှုသစ် (၁၃၈၅)ဦး ရှိခဲ့ကာ နိုင်ငံတလွှားကူးစက်ခံရမှု စုစုပေါင်းဟာ (၅၂၈၁၂)ဦး ရှိလာပြီး သေဆုံးခဲ့ရသူ စုစုပေါင်းဟာလည်း (၂၇၂၀)ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ထုတ်ပြန်ပြောဆိုမှုကို ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
နောက်ထပ်ဖြစ်ရပ်တစ်ခုအနေနဲ့ အင်ဒိုနီးရှားနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို လေကြောင်းကနေရောက်ရှိလာတဲ့ လူ(၉)ဦးကို စမ်းသပ်စစ်ဆေးခဲ့ရမှာ ကိုရိုနာဗိုင်းရပ်စ် positive စစ်ဆေးတွေ့ရှိရတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဒီထဲကမှ တစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး၊ကျန် ရှစ်ဦးကတော့ ကမ္ဘောဒီယားနိုင်ငံသားတွေဖြစ်ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<

No comments:

Post a Comment