ရန်ကုန်မြို့၊ သမိုင်းမုဒိတာအိမ်ယာမှာ ဒီနေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ အိမ်ပိုင်ရှင်မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိခဲ့တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
"ကျွန်တော်တို့ ဒီနေ့မနက်(၆)နာရီခွဲလောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်ရဲစတဲ့ စုပေါင်းအဖွဲ့ဝင် (၄၈)ယောက်နဲ့သွားပြီးတော့ ရှာဖွေတဲ့အချိန်မှာဖမ်းဆီးရမိခဲ့တာပါ။ သူတို့ကိုတော့ ဘုရင်နောင်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်"လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောပါတယ်။
သူတို့ကို မုဒိတာအိမ်ယာ(၁)အဆောင်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး နိုင်ဂျီရီးယားနိုင်ငံသားတွေ မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေတယ်လို့ သတင်းရတဲ့အတွက် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ်မုဒိတာအိမ်ယာမှာ တိုက်ခန်းပေါင်း (၁)ထောင်ကျော်ရှိပြီး နေထိုင်နေတဲ့ လူဦးရေ(၁)သောင်းကျော်မှာ နိုင်ငံခြားသား (၄၈)ယောက်လောက်နေထိုင်နေတယ်လို့ သိရပါတယ်။
crd-O Media #Myanmar_Online_News
>>zawgyi<<
ရန်ကုန်မြို့တွင် မူးယစ်ဆေးသုံးနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားကို ဖမ်းမိ
Thursday, June 4, 2020
ရန်ကုန်မြို့၊ သမိုင်းမုဒိတာအိမ်ယာမှာ ဒီနေ့ နေ့မနက်ပိုင်းက မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ အိမ်ပိုင်ရှင်မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိခဲ့တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
"ကျွန်တော်တို့ ဒီနေ့မနက်(၆)နာရီခွဲလောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်ရဲစတဲ့ စုပေါင်းအဖွဲ့ဝင် (၄၈)ယောက်နဲ့သွားပြီးတော့ ရှာဖွေတဲ့အချိန်မှာဖမ်းဆီးရမိခဲ့တာပါ။ သူတို့ကိုတော့ ဘုရင်နောင်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်"လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောပါတယ်။
သူတို့ကို မုဒိတာအိမ်ယာ(၁)အဆောင်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး နိုင်ဂျီရီးယားနိုင်ငံသားတွေ မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေတယ်လို့ သတင်းရတဲ့အတွက် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ်မုဒိတာအိမ်ယာမှာ တိုက်ခန်းပေါင်း (၁)ထောင်ကျော်ရှိပြီး နေထိုင်နေတဲ့ လူဦးရေ(၁)သောင်းကျော်မှာ နိုင်ငံခြားသား (၄၈)ယောက်လောက်နေထိုင်နေတယ်လို့ သိရပါတယ်။
crd-O Media #Myanmar_Online_News
No comments:
Post a Comment