Covid-19 ကြောင့် (၂၀၂၀- ၂၀၂၁)ပညာသင်နှစ်မှာ ကျောင်းတက်ချိန်တွေ လျော့နည်းမှာဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတန်းတွေ လျှော့ချတာနဲ့အတူ သင်ကြားမှုပုံစံကိုလည်း ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
သင်ရိုး လျှော့ချတာနဲ့ ပတ်သက်လို့ အသေးစိတ်ညှိနှိုင်းတာတွေပြုလုပ်နေပြီး ဇွန်လ နောက်ဆုံးပတ် ထဲမှာ ထုတ်ပြန် အသိပေးသွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
သင်ရိုးအတွက်ကို သင်းရိုးအဖွဲ့ ၊ သင်ရိုးဥက္ကဋ္ဌတွေ နဲ့ ညှိနှိုင်းဖို့ရှိနေပြီး National Education Policy Commission နဲ့ National Curriculum Committee တို့က ဦးဆောင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
သင်ကြားမှုပုံစံကိုတော့ ကျောင်းသား အခြေပြုစနစ်နဲ့ စီစဉ်ထားပေမယ့် အခုကာလ အနေအထားကြောင့် အဲစနစ်နဲ့ သင်ကြားလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် သင်ယူမှုပုံစံတွေနဲ့ သင်ကြားမှု ပုံစံတွေကို ပြောင်းလဲသွားမယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
အခြေခံပညာကျောင်း တွေကို ပုံမှန်ဇွန်လမှာဖွင့်လှစ်ခဲ့ပေမယ့် အခုနှစ်မှာတော့ COVID-19 ရောဂါကြောင့် အဆင့်လိုက် ခွဲပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး အခြေခံပညာ အထက်တန်းအဆင့်တွေကို ဇူလိုင်(၂၁)ရက်မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
Covid-19 ကြောင့် တက္ကသိုလ်ဝင်တန်း သင်ရိုးလျော့ချမှုနှင့် သင်ကြားမှုပုံစံ ပြောင်းလဲရန် အခြေခံပညာဦးစီးဌာန ပြင်ဆင်
Thursday, June 4, 2020
Covid-19 ကြောင့် (၂၀၂၀- ၂၀၂၁) ပညာသင်နှစ်မှာ ကျောင်းတက်ချိန်တွေ လျော့နည်းမှာ ဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတန်းတွေ လျှော့ချတာနဲ့ အတူ သင်ကြားမှုပုံစံကိုလည်း ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
သင်ရိုး လျှော့ချတာနဲ့ ပတ်သက်လို့ အသေးစိတ်ညှိနှိုင်းတာတွေပြုလုပ်နေပြီး ဇွန်လ နောက်ဆုံးပတ် ထဲမှာ ထုတ်ပြန် အသိပေးသွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
သင်ရိုးအတွက်ကို သင်းရိုးအဖွဲ့ ၊ သင်ရိုးဥက္ကဋ္ဌတွေ နဲ့ ညှိနှိုင်းဖို့ရှိနေပြီး National Education Policy Commission နဲ့ National Curriculum Committee တို့က ဦးဆောင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
သင်ကြားမှုပုံစံကိုတော့ ကျောင်းသား အခြေပြုစနစ်နဲ့ စီစဉ်ထားပေမယ့် အခုကာလ အနေအထားကြောင့် အဲစနစ်နဲ့ သင်ကြားလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် သင်ယူမှုပုံစံတွေနဲ့ သင်ကြားမှု ပုံစံတွေကို ပြောင်းလဲသွားမယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
အခြေခံပညာကျောင်း တွေကို ပုံမှန်ဇွန်လမှာဖွင့်လှစ်ခဲ့ပေမယ့် အခုနှစ်မှာတော့ COVID-19 ရောဂါကြောင့် အဆင့်လိုက် ခွဲပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး အခြေခံပညာ အထက်တန်းအဆင့်တွေကို ဇူလိုင်(၂၁)ရက်မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
No comments:
Post a Comment