Friday, June 5, 2020

ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိသော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ နံနက် (၈:၀၀)နာရီအချိန်သတင်းထုတ်ပြန်ခြင်း

၁။ (၄-၆-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၇၅၀) ခုအား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ။
၂။ (၅-၆-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၃၆)ဦး ရှိပါသည်။
၃။ (၄-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၄၉၂) ခု၊
• ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၁၀၇) ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)(PHL-MDY)မှ ဓာတ်ခွဲနမူနာ (၂၄၄)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)(PHL-MLM)မှ ဓာတ်ခွဲနမူနာ (၉၃) ခု၊
စုစုပေါင်း (၁,၉၃၆) ခုအား စစ်ဆေးခဲ့ပြီး (၅-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။
Source : Ministry of Health and Sports, Myanmar #Myanmar_Online_News

0 comments:

Post a Comment