
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ အော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/ မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင် လည်းကောင်း၊ သတ်မှတ်ရက်အတွင်း ပြန်လည် မှတ်ပုံတင်ကြပါရန် (၂၃-၀၂-၂၀၂၀) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် လည်းကောင်း၊ Website များနှင့် လူမှုကွန်ရက် မီဒီယာများတွင် လည်းကောင်း အသိပေးကြေညာခဲ့သည်။
တည်ဆဲဥပဒေအရထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ Passport (နိုင်ငံခြားသားများ အတွက်) တစ်ခုခုဖြင့် (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေး ကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းခံရသည့် SIM Card များအား အပိုဒ် (၁) တွင် ဖော်ပြ ထားသည့် နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ကြပါရန်နှင့် မှတ်ပုံတင်ခြင်းမပြုလုပ်ပါက (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ပိုင်း အပြီးသတ် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း ထပ်မံ အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် မိမိတို့၏ SIM Card များကို သတ်မှတ်ရက်အတွင်း မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ကြပါရန်နှင့် ဈေးကွက်အတွင်း ရောင်းချနေသော အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ကြိုတင်မှတ်ပုံတင်ထားသော SIM Card များကို ဝယ်ယူသုံးစွဲခြင်း မပြုကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
၂၀၁၉ ခုနှစ် ဧပြီလမှစ၍ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုဖြင့် SIM Card (၂)ခုသာ မှတ်ပုံတင်ရောင်းချနိုင်ရေး ညွှန်ကြားခဲ့သော်လည်း (၃၁-၁-၂၀၂၀) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြားတစ်ခုလျှင် SIM Card (၂)ကတ်ထက် ပိုမိုမှတ်ပုံတင်ထားသော မိုဘိုင်း အော်ပရေတာအလိုက် SIM Card အရေအတွက်မှာ MPT တွင်(၁၂.၉၅)သန်းခန့်၊ MyTel တွင် (၄.၆) သန်းခန့်၊ Ooredoo တွင်(၄.၆) သန်းခန့်နှင့် Telenor တွင် (၆.ဝ၅) သန်းခန့် စုစုပေါင်း(၂၈.၂) သန်းခန့် ကျန်ရှိလျက်ရှိပါသည်။ အသေးစိတ် စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Crd : ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန #Myanmar_Online_News
No comments:
Post a Comment