Tuesday, June 30, 2020

အိန္ဒိယနိုင်ငံတွင် TikTok အပါအဝင် တခြားတရုတ်နိုင်ငံမှ ဖြန့်ချီလာသော Mobile Apps ၅၉ ခုကို အသုံးမပြုရန်ပိတ်ပင်တားမြစ်

တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ကြား နယ်စပ်အရေးတင်းမာနေချိန်မှာ TikTok အပါဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်း Apps ၅၉ ခု အသုံးပြုခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ လျှပ်စစ်နဲ့ IT နည်းပညာ ဝန်ကြီးဌာန ကြေညာချက်ထဲမှာတော့ တရုတ်ရဲ့ ဒီ Apps ၅၉ ခုဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်ငြိမ်ရေး ၊ အိန္ဒိယ ကာကွယ်ရေးနဲ့ နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးတွေကို ထိခိုက်နစ်နာ လာစေတဲ့အတွက် အခုလို ပိတ်ပင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။
လူကြိုက်များတဲ့ TikTok Apps ကို ByteDance ဆိုတဲ့ တရုတ်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး အိန္ဒိယဟာ TikTok ရဲ့အကြီးဆုံး စျေးကွက် ဖြစ်ပါတယ်။
ဒီတားမြစ်မှုက ဘယ်အချိန်မှာ စပြီး အကျိုးသက်ရောက်မလဲ ၊ မိုဘိုင်းဖုန်း ကုမ္ပဏီတွေကရော ဒါကို လိုက်နာရမလား ဆိုတာကတော့ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး ။ ပိတ်ပင်မယ်ဆိုတဲ့ အဲဒီ Apps တွေကို တနင်္လာ ညနေပိုင်းအထိ အိန္ဒိယရဲ့ Google’s Play နဲ့ Apple App store မှာ ဒေါင်းလုပ် လုပ်လို့ရနေပါသေးတယ်။
အသုံးမပြုရန် ပိတ်ပင်ခဲ့တဲ့ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Crd : VOA

No comments:

Post a Comment