
ဇွန်လ ၆ ရက်နေ့ (ဒီနေ့) နေ့လည်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာ အုပ်စု၊ မန်စန်းကျေးရွာက ရပ်မိရပ်ဖတစ်ဦးကို TNLA အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူမှာ ဦးစိုင်းရွှေဝင်း ဖြစ်ပြီး သူ့ရဲ့ ပြောင်းခင်းထဲမှာ အလုပ်လုပ်နေချိန် ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဦးစိုင်းရွှေဝင်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးမှ " သူ့ရဲ့ ပြောင်းခင်းထဲမှာ အလုပ်လုပ်နေတုန်း TNLA အဖွဲ့ဝင် ၁၀ ဦးရောက်လာပြီး အနီးကပ်ပစ်သတ်သွားတာ။ဘာကြောင့် သတ်သွားတယ်ဆိုတာတော့ အတိအကျမပြောနိုင်ဘူး။ အသတ်မခံရခင် တစ်ပတ်လောက်ကတော့ ဦးစိုင်းရွှေဝင်း ကို TNLA အဖွဲ့က သူတို့ရဲ့ မူးယစ်ဆေးမှောင်ခို လုပ်ငန်းတွေကို မနှောက်ယှက်ဖို့၊ နေရာတကာမှာ သတင်းပေးမလုပ်ဖို့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ကြားတယ်" လို့ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့၂၀၁၉ ခုနှစ်တုန်းကလည်း မိုင်းတင်းကျေးရွာမှ ကျေးရွာသူကြီး၊ သူကြီးဟောင်းနဲ့ အခြား ကျေးရွာမှ အမျိုးသားတစ်ဦးတို့ကို TNLA အဖွဲ့က သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ပါသေးတယ်။


Source - Kyaw Thu Htike
No comments:
Post a Comment