Friday, June 5, 2020

သမ္မတ Trump ၏တပ်ဖွဲ့များကို ဝါရှင်တန်မြို့တော်မှ ထွက်ခွာစေလိုကြောင်း မြို့တော်ဝန် Muriel Bowser မှပြောကြား

ယခုရက်သတ္တပတ်တွင် အမေရိကန်မြို့တော်ဝါရှင်တန်ရှိ အထိမ်းအမှတ်နေရာများနှင့် အိမ်ဖြူတော်တို့တွင်ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုမျာတွင် အမျိုးသားအစောင့်တပ်ဖွဲ့ထောင်ပေါင်းများစွာနှင့် ဖက်ဒရယ်အရာရှိများကို အသင့်အနေအထား ဖြင့်ထားရှိထားပါသည်။
ဝါရှင်တန်မြိုတော်ဝန် Muriel Bowser အနေဖြင့် ဒေသခံပြည်သူ ၇၀၀,၀၀၀ ‌နေထိုင်သော သူမ၏ မြို့အတွင်းမှ အဆိုပါတပ်ဖွဲ့များကို မလိုလားကြောင်း ဇွန်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ သို့ရာတွင် သူမ၏ လုပ်ပိုင်ခွင့်အာဏာမှာ ကန့်သတ်ချက်ရှိနေ ကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။
လူဖြူရဲအရာရှိတစ်ဦးမှ ဒူးဖြင့်ထောက်သတ်လိုက်သည့်အတွက် သေဆုံးသွား သော Minneapolis မြို့မှ လူမဲ George Floyd သေဆုံးမှုဖြစ်ပွားခဲ့သောဖြစ်စဉ်ကြောင့် လူသားမဆန်သည့် လူမျိုးရေးခွဲခြားသော ရဲတပ်ဖွဲ့ဝင်များအပေါ် ဆန့်ကျင်ဆန္ဒပြမှု များဖြစ်ပွားခဲ့ပြီး ဝါရှင်တန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မြို့များအားလုံး ကို လှုပ်ခတ်သွားစေခဲ့ပါသည်။
လွန်ခဲ့သည့်အပတ်က ငြိမ်းချမ်းစွာဆန္ဒပြမှုများပြီးနောက်တွင် ဝါရှင်တန်ရှိ ဈေးဆိုင်များ၊ ရုံးများနှင့် အနီးပတ်ဝန်းကျင်နယ်ပယ်များတွင် ညအချိန်၌ဖျက်ဆီးခြင်း များနှင့် တိုက်ခိုက်လုယက်ခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် မြို့တော်ဝန်မှ တနင်္လာနေ့ နှင့် အင်္ဂါနေ့ ည ၇ နာရီအချိန်ည မထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။
မြို့တော်ဝန်မှ ပြောကြားရာတွင် အမိန့်ကိုထိန်းသိမ်းရန်အတွက် သူမ၏အစောင့် တပ်ဖွဲ့များမှ ကူညီခြင်းမှာ အခြေအနေကောင်းမွန်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ သို့ရာတွင် သူမအနေဖြင် သမ္မတ Trump ၏ အုပ်ချုပ်မှုဖြင့် နေရာအနှံ့အပြားမှတပ်များ၏ တပ်ဖြန့်ချထားမှုများကို ပြန်လည်ဆုတ်ခွာနိုင်ရန် အတွက် တရားဉပဒေအရ ဆုံးဖြတ်ချက်များအားလုံးကို စိစစ် သွားမည်ဖြစ်ပါသည်။
မိမိအနေဖြင့် ဝါရှင်တန်မြို့နှင့် ပြည်နယ်များအတွင်းမှ တပ်ဖွဲ့များကိုဆုတ်ခွာ သွားစေခြင်ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ပြုလုပ်သောသတင်းစာရှင်းလင်း ပွဲတွင် မြို့တော်ဝန် Bowser မှ ပြောကြားခဲ့ပါသည်။
ဝါရှင်တန်သို့ စေလွှတ်ထားသော Airborne ပြည်နယ်မှ တာဝန်ထမ်းဆောင် နေသော တပ်ဖွဲ့များကို ၎င်းတို့၏ မူလအခြေစိုက်စခန်းဖြစ်သော မြောက်ပိုင်း ကယ်လိုရိုင်းနားပြည်နယ်သို ပြန်ရန်မျှော်လင့်ကြောင်း အမေရိကန်အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဖလော်ရီဒါ, Indiana ၊မေရီလင်း၊ မစ်ဆိုယူရီ ၊ မစ္စပီ ၊နယူဂျာစီ၊ အိုဟိုင်းအိုး၊ ကယ်လိုရိုင်းနားတောင်ပိုင်း၊ Tennessee နှင့် Utah မှ အစောင့်တပ်ဖွဲ့ ၃,၃၀၀ သည် ဝါရှင်တန်တွင်ရှိနေပါသည်။
မြိုတော်၏လမ်းပေါ်တွင် တာဝန်ထမ်းဆောင်နေသော တာဝန်ကျစစ်သားများ အား စစ်တပ်၏အရာရှိဟောင်းများမှ သတိပေးခဲ့ကြပါသည်။
ယခုဖြစ်စဉ်တွင်ပါဝင်နေသော တာဝန်ကျတပ်ဖွဲ့များအနနဲ့ နှုတ်ထွက်သင့်ကြောင်း နှင့် တပ်မတော်မှထွက်သင့်ကြောင်း ဗိုလ်မှူးအငြိမ်းစားတစ်ဦးဖြစ်သူ Harry Wiggins မှ အမေရိကန်အလံကို ဇောက်ထိုးကိုင်ဆောင်၍ ဇွန်လ ၄ ရက်နေ့တွင် ပြောဆိုခဲ့ပါသည်။
မြို့တော်ဝန်အနေဖြင့် ယခုအပတ်တွင် ဝါရှင်တန်လမ်းများ၊ အစိုးရ အဆောက်အအုံအပြင်ဘက်တွင် အကောက်အခွန်၊ နယ်စပ်ကာကွယ်ရေး၊ ထောင်များမှ အာဏာပိုင်များနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးတို့ အပါအဝင် အေဂျင်စီပေါင်းများစွာမှ ရာနှင့်ချီသော လက်နက်ကိုင်အရာရှိများ နေရာချထားသည့် အမိန့်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများဖြစ်နေခဲ့ပါသည်။
အချို့သောအရာရှိများသည် မည်သည့်တံဆိပ်မှမပါဝင်သည့် ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး ၎င်းတို မည်သူမည်ဝါဖြစ်ကြောင်နှင့် မစ်ရှင်နှင့်ပတ်သက်၍ မေးခွန်း ထုတ်စရာများမြင့်တက်လာခဲ့ပါသည်။
ကွန်ဂရက်ရှိ ဒီမိုကရက်ပါတီ အောက်လွှတ်တော်ဉက္ကဌ တစ်ဦးဖြစ်သူ Nancy Pelosi မှလည်း စစ်တပ်အင်အားကိုတိုးချဲ့ပြီး ရှုပ်ထွေးမှုများအပေါ် မရှင်းလင်းမှုများ ရှိနေခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း ဇွန်လ ၄ ရက်နေ့တွင် Trump ထံသို့ပေးပို့သောစာတွင်ရေးသာခဲ့ပါသည်။
Source : CNA
"DC mayor wants Trump's out-of-state troops gone from US capital"

0 comments:

Post a Comment