Tuesday, July 28, 2020

ဩဂုတ်လ ၉ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ကြေညာမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို လာမည့် ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။
“ပညာရေးဝန်ကြီးဌာနက အထက်တန်းအဆင့် အောင်စာရင်းတွေကို သြဂုတ်လ ၉ ရက် ကြေညာမယ်လို့ပြောတယ်။ အဓိကက လူစုလူဝေးမဖြစ်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ပေါင်းစပ်ပေးရမယ်လို့ ပြောတယ်။ ပညာရေးဝန်ကြီးဌာနက သူတို့ရဲ့ website ကနေ ကြေညာပေးမှာပါ။ ရုပ်မြင်သံကြားကနေလည်း ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ကျောင်းကတော့ ကပ်ရမှာပါ။ လာကြည့်တဲ့အခါမှာ လူစုလူဝေးမဖြစ်အောင် ပေါင်းစပ်မှုတွေနဲ့ လုပ်ပေးရမှာပေါ့ ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်၍ မတ်လ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ရှမ်းတောင်တွင် ၄၀၂၃၇ ဦး၊ ရှမ်းမြောက်တွင် ၁၉၂၂၈ ဦး ရှမ်းရှေ့တွင် ၅၄၅၇ ဦး၊ စုစုပေါင်း ၆၄၉၁၂ ဦး စာရင်းပေးသွင်း ဖြေဆိုခဲ့သည်ဟု သိရသည်။
crd-ကမ္ဘောဇတိုင်း #Myanmar_Online_News
>>Zawgyi<<
ဩဂုတ်လ ၉ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ကြေညာမည်
Tuesday, July 28, 2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို လာမည့် ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။
“ပညာရေးဝန်ကြီးဌာနက အထက်တန်းအဆင့် အောင်စာရင်းတွေကို သြဂုတ်လ ၉ ရက် ကြေညာမယ်လို့ ပြောတယ်။ အဓိကက လူစုလူဝေး မဖြစ်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ပေါင်းစပ် ပေးရမယ်လို့ ပြောတယ်။ ပညာရေး ဝန်ကြီးဌာနက သူတို့ရဲ့ website ကနေ ကြေညာပေးမှာပါ။ ရုပ်မြင်သံကြားကနေလည်း ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ကျောင်းကတော့ ကပ်ရမှာပါ။ လာကြည့်တဲ့အခါမှာ လူစုလူဝေးမဖြစ်အောင် ပေါင်းစပ်မှုတွေနဲ့ လုပ်ပေးရမှာပေါ့ ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်၍ မတ်လ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ရှမ်းတောင်တွင် ၄၀၂၃၇ ဦး၊ ရှမ်းမြောက်တွင် ၁၉၂၂၈ ဦး ရှမ်းရှေ့တွင် ၅၄၅၇ ဦး၊ စုစုပေါင်း ၆၄၉၁၂ ဦး စာရင်းပေးသွင်း ဖြေဆိုခဲ့သည်ဟု သိရသည်။
crd-ကမ္ဘောဇတိုင်း #Myanmar_Online_News

No comments:

Post a Comment