Friday, July 31, 2020

အသက်(၉၇)နှစ်အရွယ်ရှိ ထိုင်ဝမ်သမ္မတဟောင်း ကွယ်လွန်

အသက်(၉၇)နှစ်အရွယ်ရှိ ထိုင်ဝမ်သမ္မတဟောင်း Lee Tenghuai ဟာ အခုလ(၃၀)ရက်နေ့က Taipei Veterans ဗဟိုဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတဟောင်းဟာ ထိုင်ဝမ်ကျွန်းမှာ တိုက်ရိုက်ရွေးကောက်ပွဲတွေနဲ့ အခြားဒီမိုကရက်တစ်ဆိုင်ရာ အပြောင်းအလဲတွေဖြစ်ပေါ်လာအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။ ထိုင်ဝမ်သမ္မတဟောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး၊ နှလုံးရောဂါနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ယိုယွင်းလာတာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်။
သမ္မတဟောင်းလီဟာ ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံနဲ့ မတူညီဘဲ သီးခြားဖြစ်အောင်ကြိုးပမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပြည်မကြီးကနေ ကွဲထွက်နေတဲ့ သူ့ရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ်ယူဆထားတာကြောင့် Lee ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် တရုတ်က ဒေါသထွက်ခဲ့ပါတယ်။
Lee ဟာ ထိုင်ဝမ်ကျွန်း တရားဝင်လွတ်လပ်ရေးအတွက် ကြိုးပမ်ခဲ့သူဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ သူ့ကျန်းမာရေးအခြေအနေကြောင့် အများပြည်သူရှေ့မှောက်ကနေ ကွယ်ပျောက်သွားခဲ့ရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<
အသက်(၉၇)နှစ်အရွယ်ရှိ ထိုင်ဝမ်သမ္မတဟောင်းကွယ်လွန်

No comments:

Post a Comment