ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာကို စတင်စစ်ဆေးတွေ့ရှိခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှ ယနေ့အထိ အချိန်ကာလအတွင်း နေ့စဉ် ကူးစက်မှုအသစ်တွေ့ရှိမှု အမြင့်မားဆုံးအရေအတွက်ကို ရောက်ရှိနေကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တစ်နေ့တာအတွင်း အတည်ပြုလူနာသစ် ၄၅ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်းတို့သည် ဒါနန်းမြို့တွင် ယခု ကူးစက်ပြန့်နှံ့နေမှုနှင့် ဆက်နွယ်မှုများရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ပြီးခဲ့သည့် စနေနေ့မှစတင်၍ ဗိုင်းရပ်စ် ကူးစက်မှုပြန်လည်ဖြစ်ပွားခြင်းမှာ ၉၃ ဦးရှိပြီဖြစ်ကြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗီယက်နမ်တွင် ယခုအချိန်အထိ COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၅၀၉ ဦးရှိပြီဖြစ်ပြီး၊ သေဆုံးသူတစ်ဦးမျှ မရှိချေ။ ယခု ထပ်မံကူးစက်မှုများမဖြစ်ပွားမီအချိန်အထိ ရက်ပေါင်း ၁၀၀ တိုင်အောင် ဒေသတွင်း ကူးစက်မှုမပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
crd-Popular News Journal#Myanmar_Online_News
>>Zawgyi<<
ဗီယက်နမ်တွင် တစ်နေ့တာအတွင်း COVID-19 လူနာသစ် ၄၅ ဦးတွေ့ရှိ
Friday, July 31, 2020
ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာကို စတင်စစ်ဆေးတွေ့ရှိခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှ ယနေ့အထိ အချိန်ကာလအတွင်း နေ့စဉ် ကူးစက်မှုအသစ်တွေ့ရှိမှု အမြင့်မားဆုံးအရေအတွက်ကို ရောက်ရှိနေကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တစ်နေ့တာအတွင်း အတည်ပြုလူနာသစ် ၄၅ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်းတို့သည် ဒါနန်းမြို့တွင် ယခု ကူးစက်ပြန့်နှံ့နေမှုနှင့် ဆက်နွယ်မှုများရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ပြီးခဲ့သည့် စနေနေ့မှစတင်၍ ဗိုင်းရပ်စ် ကူးစက်မှုပြန်လည်ဖြစ်ပွားခြင်းမှာ ၉၃ ဦးရှိပြီဖြစ်ကြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗီယက်နမ်တွင် ယခုအချိန်အထိ COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၅၀၉ ဦးရှိပြီဖြစ်ပြီး၊ သေဆုံးသူတစ်ဦးမျှ မရှိချေ။ ယခု ထပ်မံကူးစက်မှုများမဖြစ်ပွားမီအချိန်အထိ ရက်ပေါင်း ၁၀၀ တိုင်အောင် ဒေသတွင်း ကူးစက်မှုမပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
crd-Popular News Journal#Myanmar_Online_News
No comments:
Post a Comment