Thursday, July 30, 2020

လုပ်ခလစာမပေးဘဲ ပိုင်ရှင်ထွက်ပြေးသွားတဲ့ WORlD JIN အထည်ချုပ်စက်ရုံကို လေလံတင်ပြီး အလုပ်သမားတွေကို လုပ်ခလစားပေးမယ်လို့သိရ

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် ၁၃၆ ရှိ လုပ်ခလစာမပေးဘဲ အလုပ်ရှင်ထွက်ပြေးခဲ့တဲ့ WORlD JIN အထည်ချုပ်စက်ရုံက စက်ပစွည်းတွေကို ဌာနဆိုင်ရာနဲ့ အလုပ်သမားတွေက လေလံတင်ရောင်းချလုပြီး လုပ်ခလစာကိုဖြေရှင်းသွားမှာဖြစ်တယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်မနှင်းနွယ်ဦးက ပြောပါတယ်။
“ဌာနဆိုင်ရာက အကြောင်းကြားလာတယ်။ ဒီစက်ရုံကို သူဌေးကအပြီးပိတ်မယ်တဲ့ ဒါကြောင့်အလုပ်သမားတွေရပိုင်ခွင့်အတွက် စက်ရုံထဲမှာရှိတဲ့ ပစွည်းတွေကို လေလံတင်ရောင်းချသွားမယ်လို့ပြောတယ်”လို့ အလုပ်သမားခေါင်းဆောင်မနှင်းနွယ်ဦးက ပြောပါတယ်။
ရွှေပြည်သာမြို့နယ်ရှိ ဌာနဆိုင်ရာမှ ဦးစီးအရာရှိတွေကလည်း ဇူလိုင်လ၂၄ရက်နေ့မှာ လေလံတင်ရောင်းချရေးအတွက် ကော်မတီ၃ခုဖွဲ့နိူင်ဖို့ အလုပ်သမား ၆ဦးကို စာရင်းတောင်းခဲ့တယ်လို့ မနှင်းနွယ်ဦးကပြောပါတယ်။
World Jinအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၃၀၀ဦးအတွက် ရပိုင်ခွင့်စာရင်းတွက်ကြည့်တဲ့အခါ ပျမ်းမျှငွေ သိန်း၃၆၀၀ခန့်ရှိပြီး လက်ရှိအခြေအနေမှာ အဲ့ဒီဈေးအထိမရသေးဘူးလို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဥပဒေအထောက်အကူပြု
ဌာနမှ ကိုနိူင်ဌေးလွင်ကပြောပါတယ်။
“စက်ရုံကိုဌားထားတဲ့မြေပိုင်ရှင်ကညှိတယ်။ လေလံမပစ်တော့ဘဲ သိန်း၁၇၀၀ပေးမယ်ဆိုပြီးညှိတယ်။ အလုပ်သမားတွေဘက်က သူတို့ရမယ့်ဟာတွက်ထားတာက သိန်း ၃၆၀၀ သိန်း ၃၇၀၀ လောက်ရှိတယ်။ အဲ့ဒီတော့ ညှိရင်းနဲ့သူတို့ကသိန်း၂၂၅၀ပေးတယ်။ အလုပ်သမားတွေဘက်ကတော့ လက်မခံဘူး။ သူတို့လက်ဝါးချင်းရိုက်ပြီး ဈေးဖြတ်မှာစိုးလို့ “လို့ ကိုနိူင်ဌေးလွင်ကပြောပါတယ်။
World jin အထည်ချုပ်စက်ရုံမှာ ဧပြီလဆန်းအထိ ပုံမှန်လည်ပတ်လျှက်ရှိရာကနေ အလုပ်သမားတွေကို မေလ ၄ ရက်နေ့မှာ အလုပ်ဆင်းဖို့ မှာကြားခဲ့ပေမယ့် စက်ရုံပိတ်သိမ်းပြီး အလုပ်ရှင်ကလည်း လစာပေးဖို့ တိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။
World Jin စက်ရုံပိုင်ရှင်ဟာ ကိုရီးယားနိုင်ငံကို ထွက်ပြေးသွားတာဖြစ်ပြီး ကိုရီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂများရဲ့ ဖိအားပေးမှုကြောင့် အလုပ်သမား ၃၀၀ ကျော်ကို ဧပြီလမှာရမယ့် လစာငွေကို ဇွန်လထဲမှာ ကိုရီးယားကနေ လွှဲပေးလိုက်ကြောင်း အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အလုပ်ရှင်ထွက်ပြေးခဲ့တဲ့အတွက် ဧပြီလမှစတင်ကာ အလုပ်သမားများကို အကူအညီထောက်ပံ့ပေးနေပြီး အခုလမှာ အလုပ်သမားတစ်ဦးကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ ထပ်မံကူညီဖို့စီစဉ်ထားတဲ့အပြင် အလုပ်သမားတစ်ဦးကို သုံးလစာအနေနဲ့ သုံးသိန်းခြောက်သောင်းရရှိကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မှ ဒါရိုက်တာဒေါ်မျိုးမျိုး
အေးကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေထဲက Myanmar Royal Apoloအထည်ချုပ်၊ Su Xing အထည်ချုပ်၊ World Jinအထည်ချုပ်စက်ရုံမှ အလုပ်ရှင်တွေဟာ ကိုဗစ်ကာလအတွင်း လုပ်ခလစာမပေးဘဲ ထွက်ပြေးခဲ့တာတွေဖြစ်ခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Crd : VOM

No comments:

Post a Comment