Monday, August 31, 2020

ကိုဗစ်-၁၉ပိုးတွေ့ရှိသည့် သင်္ဘောသား ၃ဦးကို ကော့သောင်းဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်သို့ပို့ဆောင်

ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် နေရပ်ပြန် မြန်မာဘင်္ဘောသား အမျိုးသား ၃ဦးကို ကော့သောင်းခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့တယ်လို့ ခရိုင်ပြန်/ဆက်ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ထိုနေရပ်ပြန် မြန်မာသင်္ဘောသား အမျိုးသား ၃ဦးသည် ဩဂုတ်လ ၃၀ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ခဲ့သည့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသည့် အတည်ပြုလူနာမျာစာရင်းမှာ ပါဝင်ခဲ့သော လူနာအ မှတ်-၇၄၇၊ ၇၄၈နဲ့ ၇၄၉တို့ ဖြစ်ပါတယ်။
ထိုအမျိုးသား ၃ဦးအနက် လူနာအမှတ်-၇၄၇နဲ့ လူနာအမှတ်-၇၄၈တို့ နှစ်ဦးမှာ ဩဂုတ်လ ၁၉ရက်နေ့က တောင် အာ ဖရိကနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာသည့် MV-KOUYOU သင်္ဘောမှဆင်းလာသော (၁၉)ဦးအဖွဲ့မှဖြစ်တယ်လို့ ဆိုပါ တယ်။
ဒါ့ပြင် လူနာအမှတ်-၇၄၉သည် ဩဂုတ် ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာသည့် MT STEADFAST သင်္ဘောမှဆင်းလာသော (၁၄)ဦးအဖွဲ့မှဖြစ်ကာ ၎င်းတို့သုံးဦးကို Hotel Quarantine ထားရှိခဲ့ခြင်းဖြစ် တယ်လို့လည်း သိရပါတယ်။
ထိုလူနာ ၃ဦးသည် ကော့သောင်းဒေသခံများမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ နေ ထိုင်ကြသူများဖြစ်ကာ ဩဂုတ်လ ၃၀ရက်နေ့ ညနေပိုင်းအချိန်က ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီးရဲ့ အထူး ကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိတာဖြစ်ပါတယ်။
Ref ; MyanmaPlatform

No comments:

Post a Comment