
ရုရှားသမ္မတ Vladimir Putin နှင့် ဘီလာရုစ်သမ္မတ Alexander Lukashenko တို့သည် လာမည့်အပတ်တွင် မော်စကို၌ တွေ့ဆုံရန် ဩဂုတ်လ ၃၀ ရက်နေ့တွင် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ရုရှားနိုင်ငံမှ ပြောကြားခဲ့ပါသည်။
Alexander Lukashenko နှင့် Vladimir Putin တို့ တယ်လီဖုန်းမှတစ်ဆင့် အပြန်အလှန်ဆွေးနွေးစဉ်တွင် ရုရှားနှင့် ဘီလာရုစ်တို့၏ မဟာမိတ်ပူးပေါင်းခြင်းကို ပို၍ ခိုင်မာတောင့်တင်းလာစေရန်နှင့် နယ်ပယ်အသီးသီးတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန်တို့နှင့်ပတ်သက် ၍ ၎င်းတို့၏ အဓိကသဘောထားများကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။
Putin – Lukashenko တို့တွေ့ဆုံမည့်ရက်အတိအကျကို အခုချိန်ထိ မသတ်မှတ်ရသေးကြောင်း ရုရှားပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov မှ သတင်း ထောက်များအား ပြောကြားခဲ့ပါသည်။ ယခုရက်သတ္တပတ်အစောပိုင်းတွင် Putin မှ ရုရှားနိုင်ငံအနေဖြင့် Lukashenko ကို ဘီလာရုစ်နိုင်ငံ၏ တရားဝင်သမ္မတအဖြစ် သတ်မှတ်ကြောင်း၊ အကယ်၍ ဘီလာရုစ်၏အခြေအနေမှာ ထိန်းချုပ်ရန်ခက်ခဲနေပါက ရုရှားနိုင်ငံအနေဖြင့် ကြားဝင်ဖြန်ဖြေပေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။
Lukashenko ၏ တောင်းဆိုချက်အရ အရံရဲတပ်ဖွဲ့များကို ချထားသော်လည်း လိုအပ်မှသာလျှင် တပ်ဖြန့်ချသွားမည်ဖြစ်ကြောင်း Putin မှပြောကြားခဲ့ပါသည်။ အနီရောင်နှင့် အဖြူရောင်ဆန့်ကျင်ရေးအလံများကို ဝှေ့ယမ်းကာ “ဘီလာရုစ် သက်တမ်းရှည်ပါစေ” ဆောင်ပုဒ်ကိုကြွေးကြော်နေသော ဆန္ဒပြသူထောင်ပေါင်း များစွာသောပြည်သူများသည် လွတ်လပ်ရေးရင်ပြင်သို့ချီတက်ခဲ့ကြပြီး ၎င်းတို့ကိုရဲ တပ်ဖွဲ့ဝင်များမှ ဝန်းရံပိတ်ဆို့ထားပါသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သောရွေးကောက်ပွဲတွင် သမ္မတ Lukashenko သည် ခြောက်ကြိမ်မြောက်သမ္မအဖြစ် ရွေးကောက်ခံရသည့်ရလဒ်ကို အတိုက်အခံခေါင်းဆောင်များမှ အသိအမှတ်မပြုသည့်အတွက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ ခြင်းဖြစ်ပါသည်။ဉရောပသမဂ္ဂမှ ရလဒ်များကို အသိအမှတ်မပြုခြင်းမရှိဘဲ အရေးယူမှုများချမှတ် ရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပါသည်။
Source - CGTN #Myanmar_Online_News
No comments:
Post a Comment