
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ပုံလို့သွားရာ လမ်းတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ ညပိုင်းက နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်၍ အမျိုး သားတစ်ဦး သေဆုံးသွားကြောင်း ကနဦး သိရသည်။
“ကျွန်တော် အခုပဲသွားနေတုန်း သေချာတော့ မသိသေးဘူး။ ဖြစ်တာက ပုံလို့လမ်းဘက် အဝင်နားက လမ်းဆုံနားက အိမ်ပဲ”ဟု ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးပြီး ပစ်ခတ်ခံရသည့် အမျိုးသားအား တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။






Ref ; Tachileik News Agency
No comments:
Post a Comment