Saturday, August 29, 2020

မန္တလေးမြို့တွင် စစ်တွေမြို့က ပြန်လာသည့် အမျိုးသမီးထံက ကိုဗစ်ပိုးတွေ့

စစ်တွေမြို့က ပြန်ရောက်လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်က အသက်၁၇နှစ်အရွယ် အမျိုးသမီးထံတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
အဲသည်အမျိုးသမီးက စစ်တွေမြို့ကနေ မန္တလေးမြို့ကို ရောက်ရှိနေတာ ဩဂုတ်လ ၁၇ ရက်နေ့တည်းကဖြစ်ပြီး ရပ်ကွက်ကပြည်သူတွေရဲ့သတင်းပေးမှုကြောင့် ဩဂုတ်လ ၂၇ ရက်နေ့တွင်မှ ကန်တော်ကြီးက Quarantine Center ကို ပို့ဆောင်စစ်ဆေးခဲ့ရာကနေ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲသည်အမျိုးသမီးနဲ့အတူ ညီမဖြစ်သူနဲ့မိခင်ဖြစ်သူတို့ခရီးအတူထွက်ကြပေမယ့် မိခင်နဲ့ညီမဖြစ်သူမှာတော့ ပိုးမတွေ့ဘူးလို့သိရပါတယ်။
အတည်ပြုလူနာ အမျိုးသမီးကို ဩဂုတ်လ၂၉ ရက်နေ့ ညနေ၆နာရီခန့်က ကန်တော်ကြီး Quarantine စင်တာကနေ ကန်တော်နဒီဆေးရုံကိုပို့ဆောင်ထားပြီးဖြစ်ပါတယ်။
ဩဂုတ်လ ၂၇ရက်နေ့ကလည်း စစ်တွေမြို့ကနေ မန္တလေး ရဲအရာရှိအတတ်သင်ကျောင်းကိုလာတက်တဲ့ ရဲအုပ်ထံမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ပါသေးတယ်။ အဲသည်ရဲအုပ် တက်ခဲ့တဲ့ ရဲအရာရှိအတတ်သင်ကျောင်းက ရဲ၁၁၉ ဦးထံက ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ပိုးတွေ့သူမရှိဘူးလို့သိရပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ ည၈နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၇၇ ဦးရှိခဲ့ကြောင်းသိရပါတယ်။
Ref ; Kumudra

No comments:

Post a Comment