
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၅၀၃၂ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းကျော်(၁၀၃၁၈၅ ဦး)ရှိပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာက တနင်္ဂနွေနေ့က သတင်းထုတ်ပြန်သည်။
အတည်ပြုလူနာသစ်များမှာ နေ့စဉ်တိုးလာလျှက်ရှိပြီး ကြာသပတေးနေ့က ၃၉၅၄ ဦး၊ သောကြာနေ့က ၄၀၆၃ ဦးနှင့် စနေနေ့က ၄၉၆၃ ဦး တို့ စစ်ဆေးတွေ့ရှိခဲ့ရာ နေ့စဉ်အသစ်တွေ့ရှိမှုများ ဆက်တိုက်စံချိန်တင်ခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါသက်သာပျောက်ကင်းသူ ၃၀၁ ဦးရှိခဲ့သဖြင့် သက်သာပျောက် ကင်းသူ စုစုပေါင်း ခြောက်သောင်းကျော်(၆၅၅၅၇ ဦး)ရှိလာပြီဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၂၀ ရှိသဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၂၀၅၉ ဦးရှိပြီဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနမှ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။




Ref ; Popular
No comments:
Post a Comment