Saturday, August 29, 2020

အိန္ဒိယတွင် ၂၄ နာရီအတွင်း COVID-19 လူနာသစ် ရှစ်သောင်းနီးပါး စစ်ဆေးတွေ့ရှိ၊ ကူးစက်ခံရသူ စုစုပေါင်း ၃သန်းခွဲကျော်လာ

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၇၈၄၇၂ ဦးကို စစ်ဆေးတွေ့ရှိခဲ့သဖြင့်၊ ကူးစက်ခံရသူ စုစုပေါင်း ၃သန်းခွဲကျော်(၃၅၃၉၇၁၂ ဦးခန့်)ရှိလာခဲ့ကြောင်း သိရသည်။ ယင်းစစ် ဆေးတွေ့ရှိမှုသည် ၂၄ နာရီအတွင်း လူနာသစ်တွေ့ရှိမှု စံချိန်သစ်ဖြစ်သည်။
ထပ်မံသေဆုံးသူ ၉၄၄ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၆၃၆၅၇ ဦးရှိလာခဲ့သည်။
သို့သော် သက်သာပျောက်ကင်းသူ စုစုပေါင်းမှာလည်း ၂၇၁၂၅၂၀ ဦးရှိလာခဲ့ပြီး၊ ကူးစက်ခံရသူ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့် သက်သာပျောက်ကင်းခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် COVID-19 စစ်ဆေးမှုများကို အထူးဆောင်ရွက်လျှက်ရှိရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၉သိန်းကျော်(၉၂၈၇၆၁ ဦးခန့်)၏ ဓာတ်ခွဲနူမူနာများကို စစ်ဆေးနိုင်ခဲ့ပြီး၊ ယခုအချိန်အထိ နိုင်ငံတစ် ဝန်းရှိ လူပေါင်း သန်း ၄ဝကျော်(၄၀၄၀၆၆၀၉ ဦးခန့်)ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Ref ; Popular

No comments:

Post a Comment