
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်အတည် ပြုလူနာအမှတ် ၆၃၃ မှာ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်တွေမြို့မှပြန်ရောက်ရှိလာသူဖြစ်သည့်အတွက် Home Quarantine ထားရှိထားသူဖြစ်ကြောင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးကပြောပါတယ်။
အတည်ပြုလူနာသည် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက် A-3လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး သြဂုတ် ၁၇ ရက်တွင် စစ်တွေမှာပြန်ရောက်လာသူဖြစ်ကာ Home Quarantine ပြုလုပ်ထားသူဖြစ်ကြောင်း သိရပါတယ်။
"ကိုဗစ်အတည်ပြုလူနာနေထိုင်တဲ့လမ်းနဲ့ တိုက်ကို Lock Down ချလိုက်ပြီ ထိတွေ့တဲ့ မိသားစုဝင်က အဖေတစ်ဦးထဲရှိတယ်၊ သူကိုလည်း မနေ့ညက(သြဂုတ် ၂၈)ရက်က Quarantine စင်တာကို ပို့လိုက်ပြီ အတည် ပြုလူနာရဲ့ Swab ကို သြဂုတ် ၂၆ ရက်နေ့က ယူပြီး ပို့လိုက်တာ၊ အခု အကုန်လုံးကို Mask တပ်ဖို့ လက်ဆေးဖို့ လိုက်နှိုးဆော်နေတယ်၊ အရင်ကလည်းလုပ်တယ် အခုလည်း ကြပ်ကြပ်မတ်မတ်လုပ်ဆောင်နေတယ်၊ ပိုး သတ်ဆေးကိုလည်း မနေ့ကလည်း ဖြန်းတယ်၊ အခုလည်းလိုက်ဖြန်းနေတယ်၊ စစ်တွေကလာတဲ့သူတွေကိုလည်း အကြောင်းကြားဖို့ လည်း လိုက်နှိုးဆော်နေတယ်၊ တက်နိုင်ရန် အိမ်မှာပဲနေကြပါ"လို့ ၎င်းကပြောပါတယ်။
လက်ရှိတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ပရဟိ တအဖွဲ့များပူးပေါင်းကာ ဆေးဖြန်းခြင်းများလုပ်ဆောင်နေပြီး ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများရှိပါက သတ်မှတ်ထားသောဆေးခန်းများတွင် ပြသပေးခြင်းဖြင့် စုပေါင်းကာကွယ်ဖို့ဆက်လက်ပြောကြားပါတယ်။



Ref ; MyanmaPlatform
No comments:
Post a Comment