Wednesday, September 9, 2020

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် အစိုးရအဖွဲ့အားအယုံအကြည်မရှိကြောင်း ဆန္ဒပြ၊ဆန္ဒပြသူများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အယုံအကြည်မရှိကြောင်းအပါအဝင် အချက်၅ ချက်ကို စက်တင်ဘာလ ၉ ရက် ယနေ့နံနက်က ရခိုင်ပြည်ကျောင်းသားသမဂ္ဂများမှ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင်ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါဆန္ဒပြပွဲကို ရခိုင်ပြည်ကျောင်း သားသမဂ္ဂမှ ဥက္ကဌ တိုးတိုးအောင် ပြန်ကြားရေးတာဝန်ခံ ကျော်နိုင်ဌေးနှင့်ဦးသန်းနိုင်တို့က ''4G အင်တာနက်ပြန်ဖွင့်ပေးရေး'' ''No Bloody Government '' ''No Murder Army'' ''ပြည်နယ်အစိုးရအား အယုံအကြည့်မရှိ'' ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ'' စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။
ထိုသုံးဦးအား ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်များမှ ကားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်းသိရသည်။

No comments:

Post a Comment