စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၈ ရက်(ယနေ့) တွင်၂၂၀၀ ကျပ်ကျော်သို့ပြန်လည်ရောက်ရှိခဲ့သဖြင့် နေသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ် လီတာလျင် ၂၂၉၀ ကျပ်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီမှထုတ်ပြန်သည့် ရည် ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။
ထို့ပြင် မြစ်ကြီးနားနှင့်စစ်တွေတို့တွင် 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်၊ ဟားခါးတွင် ၂၅၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၂၉၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၂၉၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၇၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၆၈၅ ကျပ် သတ်မှတ်ခဲ့သည်။
အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၇၆၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။
ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၁၈၃ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၂၆၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၅၆၆ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၆၃၉ ကျပ်တို့ဖြစ်သည်။
အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
Popular
No comments:
Post a Comment