Wednesday, August 17, 2022

ကုလကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်က စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ကုလသတင်းထုတ်ပြန်

ကုလကိုယ်စားလှယ်ရဲ့ မြန်မာပြည် ခရီးစဉ်က စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ကုလအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq ကကုလသမဂ္ဂ သတင်းစာရှင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာကုလအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်Noeleen Heyzer မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

Farhan Haq က “ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Noeleen Heyzer သည် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အထူးသံတမန်အဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ပြီး နေပြည်တော်၌ တွေ့ဆုံခဲ့တယ်။ အခုလိုမျိုး ကုလသမဂ္ဂ၏ ထိတွေ့ဆက်ဆံမှုသည် တရားဝင်အစိုးရလိုမျိုးထိတွေ့ ဆက်ဆံတာမျိုး မဟုတ်ဘူး” လို့ ပြောပါတယ်။

ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တဲ့ မြန်မာပြည်က  ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား သူတွေကို မကြာသေးမီက သေဒဏ်ပေးမှုတွေ အပြီးမှာ အထူးသံတမန်က အနာဂတ် ကွပ်မျက်မှုအားလုံးကို ဆိုင်းငံ့ထားဖို့ စစ်ကောင်စီ ဥက္ကဌကို တိုက်ရိုက် တိုက်တွန်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ယင်းအပြင် မြန်မာမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် အထွေထွေအတွင်းရေးမှူးချုပ်၏ တောင်းဆိုမှုကိုလည်း  မစ္စ ဟိုင်ဇာက ထပ်လောင်းပြော ကြားခဲ့သလို   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏  ကျန်းမာရေးအတွက် အထူးစိုးရိမ်ပြီး  မကြာမီ သူမကို နေအိမ်မှာပြန်ထားပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။








Myanma Platform

No comments:

Post a Comment