Monday, August 29, 2022

ဓာတ်ဆီနဲ့ ဒီဇယ်ဈေးထပ်တက် ဒီဇယ်အမျိုးအစားအလိုက် နေရာဒေသပေါ်မူတည်ပြီး မနေ့ကဈေးထက် တစ်လီတာပျမ်းမျှ ကျပ် ၆၀ ကနေ ကျပ် ၂၄၀ ကျော်အထိ မြင့်တက်လာ

 

ယနေ့ ဩဂုတ် ၃၀ နေ့မှာတော့ ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်အထိ  မနေ့ကဈေးထက် ထပ်မံ မြင့်တက်ပါတယ်။

စက်သုံးဆီကော်မတီရဲ့ ထုတ်ပြန်တဲ့ရည်ညွှန်းဈေးမှာတင် ယနေ့ ဩဂုတ် ၃၀ ရက်နေ့မှာ  92 ဓာတ်ဆီတစ်လီတာကို  ၂၅၇၀ ကျပ်မှ နေရာဒေသအလိုက် ကျပ်  ၃၂၀၅ ကျပ် အထိလည်းကောင်း၊ 95 ဓာတ်ဆီတစ်လီတာကို ကျပ်  ၂၆၃၅ ကျပ်မှ နေရာဒေသအလိုက် ကျပ် ၃၂၇၅ ကျပ်အထိ မနေ့က ဈေးထက် ကျပ် ဓာတ်ဆီ တစ်လီတာကို ပျမ်းမျှ ကျပ် ၇၀ ကျော်မြင့်တက်ခဲ့တာပါ။

အလားတူ ဒီဇယ်အမျိုးအစားအလိုက် တစ်လီတာကို ယနေ့  ဩဂုတ် ၃၀ ရက်နေ့မှာ ကျပ် ၃၂၅၅ ကျပ်မှ နေရာဒေသကို လိုက်ပြီး ကျပ် ၃၉၂၀ ကျပ် ထိ ထပ်မံမြင့်တက်လာပြီး ယမန်နေ့ကဈေးထက် တစ်လီတာကို ပျမ်းမျှ အနည်းဆုံး ကျပ် ၆၀ ကနေ ကျပ် ၂၄၀ ကျော်အထိမြင့်တက်လာပါ။

လက်ရှိမှာ ဒေါ်လာအခက်အခဲကြောင့်  စက်သုံးဆီတင်သွင်းသူများ နိုင်ငံခြား ငွေလွယ် ကူစွာ ရရှိရေးအတွက်  ဆက်စပ်ဝန်ကြီးဌာနများနှင့် ထိန်းသိမ်းဆောင်ရွက်နေ တယ်ဆိုပြီး တော့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။


MyanmaPlatform

No comments:

Post a Comment