Wednesday, August 17, 2022

ရဲတပ်ဖွဲ့ဝင်များအသက်(၆၀)ပြည့်လျှင်မဖြစ်မနေပင်စင်ယူရမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အငြိမ်းစားယူရမယ့်အသက်ဖြစ်တဲ့ အသက်(၆၀)ပြည့်ရင် သက်ပြည့်ပင်စင်ယူရမှာဖြစ်ပြီး သတ်မှတ်ချက်တွေနဲ့အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိမယ်လို့ ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။

မူလက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ၄၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)မှာ အငြိမ်းစားယူရမယ့် အသက်(၆၀)ပြည့်ရင် “သီးခြားကိစ္စရပ်တွေမှအပ” သက်ပြည့်ပင်စင်ယူရမှာဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။
အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်(၆၀)ပြည့်ရင် ဘယ်လိုအကြောင်းနဲ့မှ တာဝန်ဆက်လက်ထမ်းဆောင်စရာမလိုတော့ဘဲ သက်ပြည့်ပင်စင်ယူရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို ၂၀၂၂ခုနှစ်၊ မတ်လ(၂၅)ရက်မှာ စတင်ပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

No comments:

Post a Comment