Wednesday, August 17, 2022

စစ်အာဏာသိမ်း ရက် (၅၆၃) အတွင်း သတ်ဖြတ်ခံရသူ ၂၂၁၅ ဦး အထိရှိလာ

AAPP ၏ ဩဂုတ်လ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၆၃)အတွင်း ပြည်သူ (၂၂၁၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူပေါင်း ၁၅၁၄၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။
ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။
အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင် ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
သတင်း - သံလွင်တိုင်းမ်
ကိုးကား - AAPP

No comments:

Post a Comment