Tuesday, August 23, 2022

PPST ရဲ့ ဦးဆောင်နာယကအဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တာဝန်ယူဆောင်ရွက်မည်

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့(PPST)ရဲ့ ဦးဆောင်နာယကအဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့(PPST)ရဲ့ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းရဲ့ ဦးဆောင်နာယကအဖြစ် တာဝန်ယူပေးရန် ပန်ကြားချက်အပေါ် အဖွဲ့အစည်းကိုယ်စားပြုမဟုတ်ဘဲ ပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူသွားမယ့်အပေါ် KNU ဥက္ကဋ္ဌက အကြောင်းပြန်ကြားခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက "ကျွန်တော်၏သဘောထားယုံကြည်ချက်ဖြစ်သော ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ကြရန် လွတ်လပ်စွာ ဦးဆောင်လမ်းပြနိုင်မည်ဟု ယုံကြည်ပါသည်"ဟု အကြောင်းပြန်ကြားချက်မှာ ပြောဆိုထားပါတယ်။

MyanmaPlatform

No comments:

Post a Comment