နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ် ၅၀၅ ဦးကို မဲမသမာမှုနဲ့ အရေးယူထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ UEC က မနေ့က စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့တရားမဲ့ပြုကျင့်မှုတွေပြု လုပ်လို့ လူ ၅၀၅ ဦးကို အမှုပေါင်း ၃၅၀ မှုနဲ့ အရေးယူထားတာလို့ဆိုပါတယ်။
အဲ့ဒီထဲကမှ အမှုတွဲပေါင်း ၁၉၅ မှုအတွက် လူပုဂ္ဂိုလ် ၂၃၉ ဦးကို တရားစွဲဆိုထားပြီး ပြစ်ဒဏ်ချမှတ်ပြီး ၁၂၁ မှုနဲ့ ချမှတ်ရန်ကျန် ၇၄ မှုရှိတယ်လို့ စစ်အုပ်စု UEC ကပြောပါတယ်။
စစ်ကောင်စီကဖမ်းဆီးအရေးယူထားတဲ့အထဲမှာ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ သမ္မတဟာင်း ၊အတိုင်ပင်ခံဟာင်း ၊ယခင် UEC ဥက္ကဌနဲ့အဖွဲ့ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဌဟောင်း၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက လူပုဂ္ဂိုလ်တွေ ပါဝင်ပြီး စုစုပေါင်း ၅၀၅ ဦး ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အာဏာရပါတီ NLD က မဲစာရင်းမှားယွင်းတယ်၊ မဲမသမာမှုပြုလုပ်တယ်လို့စွပ်စွဲပြီး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံခေါင်းဆောင်တွေကိုဖမ်းဆီးပြီးအာဏာ သိမ်းခဲ့တာပါ။
အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီက UEC အသစ်ဖွဲ့စည်းပြီး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေကိုစစ်ဆေးရာမှာ မဲစာရင်း ၁၁ သန်းကျော်မှားယွင်းနေတယ်လို့လည်း စွပ်စွဲထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - Times of India
No comments:
Post a Comment