ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ စက်သုံးဆီကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန် အထိုင်ဈေးမှာတင် စက်သုံးဆီဈေးတွေက မနေ့ဈေးထက် ဒီနေ့ ပိုတက်လာပါတယ်။
ယနေ့စက်တင်ဘာ ၁၄ ရက်နေ့အတွက် စက်သုံးဆီ ကော်မတီက ထုတ်ပြန်တဲ့ ဈေးကတော့ ရန်ကုန် အထိုင်ဈေးမှာ ၉၂ တစ်လီတာ ၂၄၈၅ ကျပ်၊ ၉၅ တစ်လီတာ ၂၅၇၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီ တာ ကျပ် ၃၀၆၅၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၅၀ ကျပ်အထိ အမြင့်ဈေးမှာပဲရှိနေတဲ့ မနေ့ကဈေးထက် ဒီနေ့မှာ ထပ်မံမြင့်တက် လာပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က ၉၂ တစ်လီတာ ၂၄၂၀ ကျပ်၊ ၉၅ တစ်လီတာ ၂၅၂၀ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီ တာ ကျပ် ၃၀၂၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၀၅ ကျပ်က ဒီနေ့မှာ တစ်လီတာကို ကျပ် ၄၅ ကနေ ကျပ် ၆၅ ဝန်းကျင် ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန်အထိုင်ဈေးက မှာ ၉၂ တစ်လီတာ ၂၃၆၅ ကျပ်၊ ၉၅ တစ်လီတာ ၂၄၇၀ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီ တာ ကျပ် ၂၉၉၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၇၅ ကျပ်ရှိရာကနေ ယခုနှစ်ရက်အတွင်း တစ်လီတာကို ကျပ် ၁၂၀ ကျော် ထပ်မံ မြင့်တက်လာတာပါ။
MyanmaPlatform
No comments:
Post a Comment