ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရှော်ဖြူတောင်တံတားအနီး ဂွ - သံတွဲ ကားလမ်းမပေါ် ယမန်နေ့ စက်ဘာတင်လ ၄ရက်နေ့ ည ၇နာရီခန့်အချိန် မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးအား မြန်မာစစ်တပ်နှင့် ပူးပေါင်းအဖွဲ့က ရှာဖွေရာ ယာဉ်ပေါ်တွင် ရခိုင်ဒေသခံ ရိုဟင်ဂျာ အမျိုးသား ၁၂ဦး အမျိုးသမီး ၅ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။
ထို ၁၇ ဦးပါ ရိုဟင်ဂျာခရီးသွားများသည် ကုန်တင်ယာဉ်ဖြင့် ရန်ကုန်သို့ လိုက်ပါစီးနင်းမည့်သူများဖြစ်ကြောင်း၊ ထိုမှ တဆင့် ကရင်ပြည်နယ် မြဝတီ၊ ထိုင်းနယ်စပ်၊ အဲ့ဒီကနေ မလေးရှားနိုင်ငံဆီသို့ အဆင့်ဆင့် သွားရောက်ကြမည့်သူဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကိုကိုနိုင် (သံတွဲ)
The Arakan Express News
No comments:
Post a Comment