Monday, September 5, 2022

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရရင် မြန်မာကို ထပ်မလာဘူးလို့ ကုလအထူးသံတမန်ပြော

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရပါက မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် မစ္စ နိုလန် ဟေဇာက ပြောဆိုလိုက်ပါတယ်။

ယနေ့ စင်္ကာပူရှိ ISEAS Yusof Ishak Institute မှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃နှစ် ထပ်မံချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလအထူးသံတမန်က မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ကုလအထူးသံတမန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် အလွန်စိုးရိမ်မိကာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်တာကို ရှုတ်ချတယ်လို့ ဩဂုတ်လက စစ်ကောင်စီဥက္ကဌနဲ့တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို ဆိုပါတယ်။

မစ္စနိုလန် ဟေဇာရဲ့ မြန်မာနိုင်ငံသို့ စစ်ကောင်စီလက်ထက် ပထမဆုံးအကြိမ်အနေနနဲ့ လာရောက်ခဲ့တဲ့ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်းများရှိခဲ့တာပါ။

လက်ရှိအချိန်မှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ထိ ချမှတ်ခံထားရသလို ကျန်အမှုများကိုလည်း နေပြည်တော်အချုပ်ထောင်အတွင်းမှာ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။


MyanmaPlatform

No comments:

Post a Comment