NLD အစိုးရလက်ထက်ကတည်းက ရန်ကုန်မြို့မှာတည်ဆောက်နေတဲ့ ပြည်သူ့အငှားအိမ်ရာစီမံကိန်းက အဆောက်အအုံ ၉၁ လုံး အခုနှစ်ကုန်မှာ တည်ဆောက်ပြီးစီးမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို NLD အစိုးရလက်ထက်ကစတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခန်းပေါင်း ၁၀၀၀၀ ပါ၀င်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှာတည်ဆောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
အိမ်ရာဝယ်ယူနိုင်စွမ်းမရှိတဲ့ ပြည်သူတွေကို ငှားရမ်းပေးဖို့ ရန်ကုန်ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်၂ လမ်းနဲ့ အမှတ် ၇ မြို့ပတ်လမ်းဆုံမှ သရက်ပင်ချောင်ကျေးရွာသွားလမ်းမှာ အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ပြည်သူ့အငှားအိမ်ရာစီမံကိန်း ပထမအဆင့်မှာ အဆောက်အအုံ ၁၉၄ လုံး၊ အခန်းပေါင်း ၃၁၀၄ ခန်းကို အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MCEF)နဲ့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်(MLCA)တို့က အဆောက်အအုံတွေကို ၉၇ လုံးစီ ခွဲဝေ တည်ဆောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၂ခုနှစ် ဒီဇင်ဘာလကုန်မှာ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MCEF)က အဆောက်အအုံ ၅၂ လုံးနဲ့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်(MLCA)က အဆောက်အအုံ ၃၉ လုံး စုစုပေါင်း ၉၁ လုံး တည်ဆောက်ပြီးစီးမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
MyanmaPlatform
No comments:
Post a Comment