Monday, October 17, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိ

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် တောင်ကိုရီးယားနိုင်ငံသို့ ယနေ့တွင် ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
ပြည်ထောင်စုဝန်ကြီးသည် တောင်ကိုရီးယားနိုင်ငံ Asia Center - Seoul National University တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့၊ သောကြာနေ့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အထူးဖိတ်ကြားခံရ၍ ရောက်ရှိနေခြင်းလည်းဖြစ်သည်ဟုဆိုသည်။
“ပြည်ထောင်စုဝန်ကြီးက တောင်ကိုရီးယားနိုင်ငံမှာ တစ်ပတ်ကြာ နေထိုင်ပြီး ကိုရီးယားသမ္မတနိုင်ငံအစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ကိုရီးယားအစိုးရ မဟုတ်သော လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားဖို့ရှိပါတယ်”ဟု (NUG)၏ တောင်ကိုရီးယား ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက MPA သို့ ရှင်းပြသည်။
NUG အစိုးရ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိလာသည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးလည်းဖြစ်သည်။






MPA

No comments:

Post a Comment