မြန်မာ့တန်းမြင့်ဆန် တန်ချိန် နှစ်ထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ စတင်တင်ပို့ရန် သင်္ဘောပေါ်သို့ ဆန်များ တင်ဆောင်နေကြပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
အဆိုပါ သင်္ဘောမှာ ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေခြင်းဖြစ်ပြီး သင်္ဘောအမည်မှာ MV VTC Ocean ဖြစ်ကာ ယင်းသင်္ဘောပေါ်သို့ မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၂၁၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့တင်ပို့နိုင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာ ဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅ ရာခိုင်နှုန်း တန်ချိန် ၂၅၀၀၀၀ စာချုပ်ချုပ်ထားပြီးဖြစ်ကြောင်း ၊ ယခု MV VTC Ocean သင်္ဘောဖြင့်တင်ပို့မှုမှာ အဆိုပါစာချုပ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Yangon_Media_Group
No comments:
Post a Comment