ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅မြို့နယ်မှာ မဲစာရင်းပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း လစဉ်တိုက်ဆိုင်စိစစ်ခြင်းနဲ့ အဆိုပြုလျာထားမဲရုံများ အတည်ပြုသတ်မှတ်ခြင်းလုပ်ငန်းပြီးစီးပြီလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းများအရ သိရပါတယ်။
လာမယ့် ၂၀၂၃ခုနှစ် သြဂုတ်လအတွင်း ကျင်းပရန်စီစဉ်နေတဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများနဲ့စပ်လျဉ်းပြီး ယနေ့ အောက်တိုဘာလ ၂၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
၂၀၂၂ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်တွေ့ရှိချက်များအရ ရန်ကုန်တိုင်းရဲ့ ြမေပြင်တွင်နေထိုင်သူစာရင်းမှာ ၁၅၃၆၂ဦး၊ ဥပဒေနဲ့အညီ နေထိုင်သူစာရင်းမှာ ၈၅၆၅ဦးနဲ့ နိုင်ငံသားကတ်ရှိသူစာရင်းမှာ ၁၃၅၅ဦးအထိ အရေအတွက်တိုးလာတယ်လို့ ဆိုပါတယ်။
ယခုကဲ့သို့ ရန်ကုန်တိုင်းရှိ မြို့နယ် ၄၅မြို့နယ်ရဲ့ အခြေခံလူဦးရေ လစဉ်စိစစ်တိုက်ဆိုင်မှုနဲ့ အဆိုပြုမဲရုံများ လျာထားသတ်မှတ်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၀ရက်နေ့မှာ အားလုံးပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
MyanmaPlatform
No comments:
Post a Comment