Wednesday, October 26, 2022

ယခု ပထမ ၆ လ ပတ်အတွင်း စစ်ကိုင်းမှာ စက်မှု ကဏ္ဍ၄ခု၊ဝန်ဆောင်မှုကဏ္ဍ ၁ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပထမ ၆ လ ပတ်တွင်စက်မှုကဏ္ဍ၄ခု၊ဝန်ဆောင်မှုကဏ္ဍ ၁ ခု၊ စုစုပေါင်း ၅ ခု ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀ ကျော်ဖန်တီးပေးနိုင်ခဲ့ကြောင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၂)မှသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က "တိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၆ လ ပတ်မှာစက်မှုကဏ္ဍ ၄ ခု၊ ဝန်ဆောင်မှုကဏ္ဍ ၁ ခု၊ စုစုပေါင်း ၅ ခု ရင်းနှီးမြုပ်နှံခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အခုဒုတိယ ၆ လပတ်ကာလမှာလည်း ရင်းနှီးမြုပ်နှံဝင်ရောက်လာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်ဖို့ကို ကြိုးပမ်းဆောင်ရွက်နေတယ်" လို့ ပြောပါတယ်။ 

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီးဟာ မြေဆီမြေလွှာကောင်းမွန်ပြီး စိုက်ပျိုးရေးအတွက် သင့်တော်တာကြောင့် ဆန်နဲ့ပတ်သက်ပြီး ထုတ်လုပ်မှုကောင်းအောင်လုပ်ဖို့ လိုအပ်သလို တိုင်းပြည်အတွက် Food Security အားကောင်းဖို့ လိုအပ်တာကြောင့် စိုက်ပျိုးရေးအခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးလျက်ရှိသလို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ငန်းတွေကိုတည်ဆောက်ကာလတွေသက်တမ်းတိုးခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီးအတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့စက်မှုဇုန်တွေမှာလည်း စက်မှုလုပ်ငန်းရှင်တွေကိုဦးစားပေးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိတယ်ဆိုပြီးတော့လည်း ပြောပါတယ်။ 

ယင်းအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Mandalay Beverages Enterprise Co.,Ltd မှ သဘောထားမှတ်ချက် တောင်းခံလာခြင်းကိစ္စ၊ Ma Du Co.,Ltd မှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေလွတ်၊မြေလပ်၊မြေရိုင်း လျှေက်ထားသော ဧရိယာနှင့် ပတ်သက်၍ တင်ပြလာခြင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Min Khant Soe Co.,Ltd မှ တည်ဆောက် ရေးကာလ ပထမအကြိမ်တိုးမြှင့်ခွင့်ပြုပါရန်တင်ပြလာခြင်း၊Naing Soe Bo Co.,Ltd မှ တည် ဆောက်ရေးကာလ ဒုတိယအကြိမ်တိုးမြှင့်ခွင့်ပြုပါရန်တင်ပြဆွေးနွေးခဲ့တယ်လို့လည်း သိရပါသည်။ 


MyanmaPlatform

No comments:

Post a Comment