ရန်ကုန်တိုင်း၊ တောင်ဒဂုံတွင် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြသူများနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်နေ့ ဂျပန်နိုင်ငံသား Toru Kubota အပါ အဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ အပါအဝင် ပုဒ်မများဖြင့် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ် ကြောင်း၊ ဆက်လက်၍ လ၀က ဥပဒေချိုးဖောက်မှုဖြင့် ဆက်လက် အရေးယူထားကြောင်း ဂျပန်သတင်းတချို့ကဆိုသည်။
ဓာတ်ပုံ- ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Kubota
khit thit
No comments:
Post a Comment