ရုရှားဘဏ္ဍာရေးစောင့်ကြည့်ရေးအေဂျင်စီ Rosfinmonitoring ဟာ Instagram နဲ့ Facebook တို့ရဲ့ မိခင်ကုမ္ပဏီ Meta ကို အကြမ်းဖက် အစွန်းရောက်အုပ်စုစာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ ရုရှားအခြေစိုက် Interfax သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားရဲ့ပိတ်ပင်မှုကို တုံ့ပြန်တဲ့အနေနဲ့ Meta ကလည်း ၎င်းတို့ရဲ့ပလက်ဖောင်းတွေပေါ်မှာ “ရုရှားကျူးကျော်သူတွေ သေပါစေ” အစရှိတဲ့ ပြောဆိုရေးသားမှုတွေကို ခွင့်ပြုမှာဖြစ်ပြီး ပြည်သူတွေကို ပစ်မှတ်ထား ခြိမ်းခြောက်မှုဆိုရင်တော့ ခွင့်ပြုမှာမဟုတ်ဘူးလို့ မတ်လ ၁၀ ရက်က ကြေညာခဲ့တာပါ။
နောက်ပိုင်းမှာတော့ Meta ရဲ့ အဆိုပါ ပေါ်လစီအပြောင်း လဲဟာ ယူကရိန်းနိုင်ငံတွင်းက အသုံးပြုသူတွေအတွက်ပဲ အကြုံးဝင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ပူတင်အစိုးရဟာ Facebook နဲ့ Instagram ကို မတ်လကတည်းက ဝင်ရောက်အသုံးပြုခွင့် ပိတ်ပင်ခဲ့ပေမဲ့ ရုရှားနိုင်ငံသားအတော်များများကတော့ VPN ခံပြီး ခိုးသုံးနေခဲ့ကြပါတယ်။
Burma Associated Press
Source – Aljazeera
No comments:
Post a Comment