Tuesday, November 22, 2022

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို တက်ရောက်ခွင့် မပေးတော့

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ နစက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို တက်ခွင့်မပေးတော့ဘူးလို့ ကမ္ဘောဒီးယားအခြေစိုက် Khmer Times သတင်းဌာနက ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို တက်ခွင့်မပေးဘဲ ဖယ်ထုတ်လိုက်တာ ဖြစ်တယ်လို့အဆိုပါ သတင်းမှာ ဖော်ပြ ထားပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကို ဖိတ်ကြားထားတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး Suon Witu က ပြောတယ်လို့လည်း အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။

MyanmaPlatform

No comments:

Post a Comment