Monday, November 7, 2022

ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး ဘဝတစ်သက်တာမှာ ပထမဆုံးအကြိမ်လေယာဉ်စီးနင်း

ကမ္ဘာ့အရပ်အရှည်ဆုံးလို့သတ်မှတ်ခြင်းခံရတဲ့ တူရကီက အမျိုးသမီးဟာ သူမရဲ့ ဘဝတစ်သက် တာမှာ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်စီးနင်းခဲ့ဖူးပြီလို့ သိရပါတယ်။ 

ရူမေးဆာ ဂယ်လ်ဂျီလို့ အမည်ရတဲ့ အမျိုးသမီးဟာ အရပ် ၇ ပေကျော်ရှိပြီး သူမလေယာဉ်လိုက်ပါစီးနင်းနိုင်ငံဖို့အတွက် တူရကီလေကြောင်း လိုင်းတစ်ခုက လေယာဉ် ထိုင်ခုံ ၆ ခုံကို ဖယ်ရှားပေးခဲ့ရပါတယ်။

အစ္စတန်ဘူလ်ကနေ ဆန်ဖရန်စစ္စကို ကို ပျံသန်းတဲ့ ၁၃ နာရီကြာ ခရီးစဉ်မှာ သူမဟာ လမ်းတ လျှောက်လုံး လဲလျောင်းလျှက်သား လိုက်ပါခဲ့ရတာကို တွေ့ရပါတယ်။ စက်တင်ဘာလတုန်းက တူရကီလေကြောင်းလိုင်းဟာ ရူမေးဆာ လိုက်ပါစီးနင်းမယ့် အမေရိကခရီးစဉ် ပျံသန်းပေးဖို့ သူတို့ရဲ့ လေယာဉ်အတွင်းထိုင်ခုံ ခြောက်လုံးကို ဖယ်ရှားပစ်ခဲ့ပြီး အထူးထမ်းစင်တစ်ခုနဲ့ အစားထိုး ပေးခဲ့ကြောင်း မေးလ်အွန်လိုင်းသတင်းက ဖော်ပြခဲ့ပါတယ်။


အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ရူမေးဆာဟာ Weaver Syndrome လို့ ခေါ်တဲ့ လက္ခဏာနဲ့ အရိုးကြီးထွားမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းကြောင့် ကမ္ဘာပေါ်က အရပ်အရှည်ဆုံး အမျိုးသမီးတစ်ဦးလို့ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ကြီးမားတဲ့ အရပ်အမောင်းကြီး ကြောင့်ပဲ လေယာဉ်ပေါ်လိုက်ပါစီးနင်းမယ့် ခရီးတစ်ခါမှ မထွက်ခဲ့ဖူးဘူးလို့ သိရပါတယ်။

ဒါက ကျွန်မ ဘဝအတွက် ပထမဆုံး လေယာဉ်ခရီးစဉ်ပါ။ ဒါ နောက်ဆုံးအကြိမ်လဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ အခုက စလို့ ကမ္ဘာအနှံ့အပြား ခရီးတွေ ထွက်ရတာကို ဂုဏ်ယူဝမ်းမြောက်မိမှာပါ။ ကျွန်မအတွက် ပါဝင်ကူညီပေးခဲ့တဲ့ သူတွေကို လှိုက်လှဲစွာကျေးဇူးတင်ပါတယ်။ ဒါက ကျွန်မရဲ့ ပြည်ပခရီးပဲ” လို့ အင်စတာဂရမ်မှာ ရေးသားထားခဲ့ပါတယ်။

ရူမေးဆာဟာ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးအဖြစ် တရားဝင်မဖြစ်လာခင် ကမ္ဘာ့ အရပ် အရှည်ဆုံးဆယ်ကျော်သက်အဖြစ် ပထမဆုံး ဂင်းနစ်စံချိန်ကို ၂၀၁၄ ခုနှစ်မှာ ရရှိခဲ့တယ်လို့ သိရပါတယ်။


MyanmaPlatform

No comments:

Post a Comment