Monday, December 26, 2022

သနပ်ခါးအခြေခံတဲ့ ဆေးဝါးတွေထုတ်လုပ်ကာ တရားဝင်ဖြန့်ဖြူးရောင်းချဖို့စီစဉ်နေ

မြန်မာ့သနပ်ခါးကိုအခြေခံတဲ့ ဆေးဝါးတွေထုတ်လုပ်ကာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ပြီး တရားဝင်ဖြန့်ဖြူးရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

သနပ်ခါးအသီးသည်  အဆိပ်ဖြေဆေးတွေဖော်စပ်ရာမှာ အသုံးပြုနိုင်ပြီး ပြင်းထန်တဲ့ အဖျားရောဂါ၊ ကျောက်ကပ်ရောဂါ၊ အပူလောင် ရောင်ရမ်းမှုနဲ့ ယားနာရောဂါတွေအတွက် ဆေးဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

သနပ်ခါးအရွက်ကို အနာကြီးရောဂါ၊ ငှက်ဖျားရောဂါနဲ့ သနပ်ခါးအမြစ်ကိုတော့ မီးယပ်ရောဂါ၊ ကလေးချွဲကျပ်ရောဂါကုဆေးဝါးတွေမှာ ထည့်သွင်းအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

သနပ်ခါးကို ပြည်တွင်းပြည်ပတက္ကသိုလ်တွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သိပ္ပံနည်းကျ ဓာတ်ခွဲသုတေသနပြု လုပ်ဆောင်ရာမှာ လူ့ခန္ဓာကိုယ်ကိုအကျိုးပြုစေတဲ့ ဒြပ်ပေါင်း(Bioactive Compounds) ပါဝင်လို့ ဘေးထွက်ဆိုးကျိုးမရှိကြောင်းတွေ့ရှိထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာပညာရှင်တွေနဲ့ ပူးပေါင်းပြီး သနပ်ခါးနဲ့သနပ်ခါးအရွက်ကနေ တိုင်းရင်းဆေးအမည်များစွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေပြီလို့ သနပ်ခါးအသင်းမှ သိရပါတယ်။


MyanmaPlatform

No comments:

Post a Comment