Tuesday, December 27, 2022

အသက် ၃၅ နှစ် မကျော်ခင် အိမ်ထောင်ပြုပြီး ရင်သွေးလေးယူမယ်ဆိုတဲ့ မေမီကိုကို

ပရိသတ်အားပေးမူတွေ များစွာရရှိထားတဲ့ မင်းသမီးလေး မေမီကိုကိုကတော့ အသက် ၃၅ နှစ် မကျော်ခင်မှာ အိမ်ထောင်ပြုပြီး ရင်သွေးလေးယူမယ်လို့ ဆိုလာပါတယ်။
“၂၀၂၃ ခုနှစ်မှာတော့ အရာရာတိုင်းက မသေချာဘူးလေ။ ဘယ်တော့လောက် မင်္ဂလာပွဲမြင်ရမလဲဆိုရင်တော့ မေမီဘက်မှာ သေချာတာကတော့ စဥ်းစားထားတာ ၃၀ ကနေ ၃၅ အတွင်းကို အိမ်ထောင်ပြုမှရမယ့် အတွေးလေးတော့ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်မျိုးဆက်လေးချန်ချင်တယ်။ မိန်းကလေးတွေက အသက်ကြီးမှ အိမ်ထောင်ပြုတာမကောင်းဘူး။ အိမ်ထောင်ပြုတာ အရမ်းနောက်ကျရင် ဒီကလေးနဲ့က အဆင်မပြေဘူးလေ။ ဒီကလေးကြီးလာဖို့ ကိုယ်တွေက စောင့် ရှောက်ရဦးမယ်။ သူ့တို့ အသက် ၁၆ ဆိုရင် ကိုယ့်အသက် ၅၀ ကျော်နေပြီဆိုတော့ အရမ်းမစောင့်ရှောက်နိုင်ဘဲ စိတ်မချရမှာဆိုးတယ်။ ပူပင်သောကတွေဆိုတာ လာမှာ။ မိဘရဲ့ ဝဋ်တွေလည်ဦးမှာ။ ကိုယ့်အတွက် လုပ်ပေးရမယ့် တာဝန်တွေရှိတယ်။ အိမ်ထောင်ပြုတာ အရမ်းနောက်မကျတာ ကောင်းတာပေါ့နော်”လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။
မေမီကိုကိုကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလမွေးနေ့မှာ အသက် ၃၀ ပြည့်ပြီးပြီ ဖြစ်ပါတယ်။ ချစ်သူဖြစ်သူ ဒေါက်တာကျော်ဇောဟိန်းနဲ့ Relationship တစ်ခုကို တည်ဆောက်ထားသူလည်း ဖြစ်ပါတယ်။ လက်ရှိ သူမကတော့ Horror Suspense ဇာတ်လမ်းပုံစံ“အထွဋ်အမြတ်” ဇာတ်ကားကို ပါဝင်သရုပ်ဆောင်နေပါတယ်။
“မေမီကတော့ အခု အသက် ၃၀ပြည့်ပြီလေ။ ကိုယ်ကတော့ အိမ်ထောင်ပြုတာ အသက် ၃၅ နှစ်ထက်တော့ မကျော်ဘူး။ ကံတရားက ကျော်ချင်လို့ ကျော်ခိုင်းလည်း ဘယ်တတ်နိုင်ပါ့မလဲ”လို့ သူမက ဆက်လက်ပြောပါတယ်။

MTN

No comments:

Post a Comment