Thursday, December 15, 2022

အီလွန်မက်စ်ကို ကာကွယ်မှုအဖြစ် အချို့သော ဂျာနယ်လစ်အကောင့်များကို Twitter ပိတ်ပင်

ကြာသပတေးနေ့ ညနေပိုင်းတွင် Washington Post ၊ New York Times နဲ့ CNN သတင်းဌာနများမှ သတင်းထောက်များဟာ ၎င်းတို့ရဲ့ Twitter လူမှုကွန်ရက် account များ ပိတ်ပင်ခံထားရတာကို တွေ့ရှိခဲ့ကြပါတယ်။
သတင်းထောက်များရဲ့ account များ ပိတ်ပင်ခံရခြင်းဟာ တိုက်ရိုက်တည်နေရာမျှဝေမှုနဲ့ ပတ်သက်လျက်ရှိကြောင်း Twitter ကုမ္ပဏီ ပြောခွင့်ရ အမျိုးသမီးမှ The Verge သို့ ရှင်းလင်း‌ပြောကြားခဲ့ပါတယ်။
သတင်းထောက်များရဲ့ Twitter account များ ပိတ်ပင်ခံရမှုဟာ Twitter ပိုင်ရှင် အမှုဆောင်အရာရှိချုပ်ဖြစ်သူ အီလွန်မက်စ်မှ ၎င်းရဲ့ဂျက်လေယာဉ်ကို ခြေရာခံခဲ့တဲ့ Twitter profile ပိုင်ရှင်အား တရားစွဲဆိုမှာဖြစ်ကြောင်း ပြောကြားပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
"ကျွန်ုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ မူဝါဒများကို ချိုးဖောက်တဲ့ မည်သည့် account ကိုမဆို အခြားသူများကို အန္တရာယ်ဖြစ်စေတယ်လို့ အတည်ပြုပြီးနောက် ကန့်သတ်မှာဖြစ်ပါတယ်" လို့ Twitter ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ဘေးကင်းရေးဌာန အကြီးအကဲ အယ်လာ အာဝင်က ပြောကြားခဲ့ပါတယ်။
"ဒီမူဝါဒအတွက် သတင်းထောက်တွေ ဒါမှမဟုတ် အခြားသော account တွေအတွက် ခြွင်းချက်ထားမှာ မဟုတ်ဘူး" လို့လည်း အာဝင်မှ ဆက်ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ကတော့ အီလွန်မက်စ် ပိုင်ဆိုင်တဲ့ Twitter လူမှုကွန်ရက်မှ မက်စ်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံ ထောက်လှမ်းခဲ့တဲ့ @ElonJet account ကို ဆိုင်းငံ့ခဲ့ပြီး၊ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန်ဘီလျံနာသူဌေးကြီး အီလွန်မက်စ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လော့စ်အိန်ဂျလိစ်မှာလည်း ၎င်းရဲ့ကလေးများကို တင်ဆောင်လာတဲ့ ကားကို ခြေရာခံရန်အတွက် တိုက်ရိုက်တည်နေရာမျှဝေခြင်းကို အသုံးပြုခံခဲ့ရကြောင်းလည်း အီလွန်မက်စ်က ရှင်းလင်းခဲ့ပါတယ်။

Damien
Ref - BBC

No comments:

Post a Comment