Monday, December 26, 2022

YBSယာဉ် ၁၅ လိုင်းက ဘတ်စ်ကားတွေမှာ CCTVတွေတပ်ဆင်ပြီးလို့ YRTCထုတ်ပြန်

YBSယာဉ်လိုင်းတွေမှာ  ဖြစ်ပွားတဲ့အမှုအခင်းတွေနဲ့ ခါးပိုက်နှိုက်မှုဖြစ်စဉ်တွေရှိလာရင် တရားခံကိုအချိန်မှီဖော်ထုတ်နိုင်ဖို့နဲ့ ခရီးသည်တွေ လုံခြုံစိတ်ချစွာလိုက်ပါစီနင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ CCTVတွေတပ်ဖို့အထူးကြပ်မတ်လုပ်ဆောင်နေရာမှာ ယာဉ်လိုင်း၁၅လိုင်းမှာ တပ်ဆင်ထားပြီးဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ကနေ သိရပါတယ်။

YBSယာဉ်တွေ ပေါ်က ခါးပိုက်နှိုက် အုပ်စုဖွဲ့လုယက်တာတွေကို ပြန်ကြည့်ပါက လည်းCCTVမတပ်ထားတဲ့ယာဉ်လိုင်းတွေမှာ အများဆုံးဖြစ်ပွားနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိတပ်ဆင်လိုက်တဲ့ ယာဉ်လိုင်း ၁၅ လိုင်းက CCTV များအားတပ်ဆင်ပြီးဖြစ်တာကြောင့်YBS ကားများပေါ်မှာ ဖြစ်ပေါ်နေမှုများ၊ဖြစ်ပျက်ခဲ့မှုများကို YBO (Yangon Bus Operator)Control Center မှတဆင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ထပ်မံပြီးလည်း ကျန်ရှိနေတဲ့ ခရီးသည်တင် YBSယာဉ်လိုင်းတွေပေါ်မှာCCTVတပ်ဆင်ဖို့ဆက်လက်ဆောင်ရွက်နေပြီး အဆိုပါ စနစ်တပ်ဆင်ခြင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့YRTCကနေကြပ်မတ်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း ခရီးသည်တင် YBS ယာဉ်လိုင်း ၁၁၆ လိုင်းမှ YBS ကားစီးရေ ၃၂၀ဝ ကျော်ဖြင့် နေ့စဉ် ခရီးသည် ၁ ဒသမ ၄ သန်းခန့်အား တင်ဆောင်ပြေးဆွဲပေးလျက်ရှိနေတယ်လို့ သိရပါတယ်။


MyanmaPlatform

No comments:

Post a Comment