မကွေးတိုင်း၊သရက်မြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဇန်နဝါရီ ၃၀ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
"လှုပ်သွားတယ်ဆိုရုံပေါ့ ကျွန်တော်က ရုံးမှာထိုင်နေတဲ့အချိန်ဆိုတော့ ရုတ်တရက် လူကယိုင်သွားတယ် ဒီလောက်ပါပဲ အဲဒီမှာ ငလျင်လှုပ်တယ်ဆိုတာသိလိုက်တာ"ဟု သရက်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဇန်နဝါရီ ၂၇ ရက်မွန်းတည့် ၁၂ နာရီ ၂၁ မိနစ် ၃၁ စက္ကန့်ကလည်း တမူးမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။
Popular
No comments:
Post a Comment