Monday, January 30, 2023

အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဌအဖြစ် ပထမဆုံးကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာအရေးဆွေးနွေးဖွယ်ရှိ

အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဌအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာအရေး ထည့်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၃ရက်နေ့နဲ့ ၄ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဂျာကာတာမြို့မှာ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် စတင်တာဝန်ယူပြီး ပထမဆုံးပြုလုပ်မယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာအရေး ဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ စစ်ကောင်စီအား ဖိတ်ကြားရန် ရှိမရှိကိုတော့ အင်ဒိုနီးရှားဘက်က အသေးစိတ် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါ။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအရေး ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းတည်ထောင်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။


MyanmaPlatform

No comments:

Post a Comment