Thursday, February 23, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှာ ရခိုင်ကနေရပ်စွန့်ခွာသူ ၁သန်းကျော်ရှိတယ်ဆိုတာ ချဲ့ကားတဲ့ကိစ္စလို့ စစ်ကောင်စီပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့စ်ဘဇားဒုက္ခသည်စခန်းများမှာ ရခိုင်နေရပ်စွန့်ခွာသူ ၁ ဒသမ ၁သန်းကျော်နေထိုင်တယ်ဆိုတာ ချဲ့ကားနေကြတဲ့ကိစ္စဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုလိုက်ပါတယ်။

ကော့စ်ဘဇားဒုက္ခသည်စခန်းများမှာ နေရပ်စွန့်ခွာသူ ၁ဒသမ၁သန်းကျော်နေထိုင်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာက ပြောဆိုမှုတွေကို စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်သတင်းစာမှာ တုံ့ပြန်ပြောဆိုထားတာဖြစ်ပါတယ်။

မြန်မာဘက်က နှစ်စဉ်မြေပြင်မှာ ကွင်းဆင်းစိစစ်ကောက်ယူထားတဲ့ အိမ်ထောင်စုစာရင်းအရ ၂၀၁၆ခုနှစ်နဲ့ ၂၀၁၇ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာသူအရေအတွက် ၅သိန်းကျော်ရှိတယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် နေရပ်စွန့်ခွာသူဦးရေကို ချဲ့ကားဖော်ပြနေတဲ့ကိစ္စနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ခုနှစ်နဲ့ ၂၀၁၇ခုနှစ်နောက်ပိုင်း နေရပ်စွန့်ခွာသူများကိုသာ နှစ်နိုင်ငံသဘောတူညီချက်များနဲ့အတညီ ပြန်လည်စိစစ်လက်ခံသွားမယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ဖို့အတွက် မြန်မာမှာသာ တာဝန်ရှိတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဝိုင်းဝန်းဆောင်ရွက်မှသာ အကောင်အထည်ဖော်နိုင်မယ်လို့ ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။

TMA

No comments:

Post a Comment