လာမယ့် မတ်လ ၆ရက်နေ့မှာ မြန်မာအရေးဆုံးဖြတ်ချက်တွေနဲ့စပ်လျဉ်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၅၂ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ကစပြီး ဧပြီလ ၄ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အဆိုပါပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက လိုက်နာမှုရှိမရှိ သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ်အဖြစ် မတ်လ ၆ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ အစည်းအဝေးအစီစဉ်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗြိတိန်နိုင်ငံကတင်သွင်းတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ဥပဒေမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲအတည်ပြုခဲ့ပြီးနောက် နှစ်ပေါင်း ၇၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။
ကုလအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာအနေနဲ့လည်း လာမယ့် မတ်လ ၁၅ရက်နေ့ နောက်ဆုံးထားကာ ကုလလုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီး တံခါးဖွင့်ဆွေးနွေးပွဲတစ်ရပ်ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။
MyanmaPlatform

No comments:
Post a Comment