Thursday, February 9, 2023

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၅၀ ကျော်စေလွှတ်

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၅၁ ဦးကို ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်)တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၁ ဦး၊ Re-entry စိုက်ပျိုး၊မွေးမြူရေး လုပ်သားသစ် ၁၀ ဦး၊ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်း၊ တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦး၊ ဇန်နဝါရီလတွင် ၁၉၃ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကိုလည်း ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာကျင်းပနေပြီး အဆိုပါစားမေးပွဲတွင်လူဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုနေကြောင်းလည်း သိရသည်။

Popular

No comments:

Post a Comment