မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍကိုအဓိက တာဝန်ယူထားတဲ့ YBSယာဉ် တွေထဲမှာ ပြိုင်မောင်းလုမောင်းခြင်းနဲ့ ခရီးသည်တွေနဲ့ဆက်ဆံရေးမပြေပြစ်တဲ့ ယာဉ်အစီးရေ ၈၀၀၀ ကျော်ကို အရေးယူမှုပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီYRTC ကနေသိရပါတယ်။
အရေးယူခံရတဲ့ YBS ယာဉ် ၈၇၀၀ ကျော်ကို ယာဉ်စီးခပိုတောင်းခြင်း၊ ခရီးသည်အားမချေမငံပြောဆိုခြင်းနဲ့ ယာဉ်အပြိုင်အဆိုင်မောင်းခြင်းတွေကို တိုင်ကြားမှုတွေရှိလာတာကြောင့် CNG ပိတ်သိမ်းကာအရေးယူထားတယ်လို့ဆိုပါတယ်။
အဆိုပါ စည်းကမ်းမဲ့ YBS ယာဉ်များအရေးယူဆောင်ရွက်မှုအပိုင်းတွင် ၂၀၂၂ ခုနှစ်မှာ အစီးရေ ၇၉၅၃ စီး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထိ ၈၃၇ စီး စုစုပေါင်း ၈၇၉၀ စီးကို အရေးယူခဲ့ကာခရီးသည်တွေအများဆုံးတိုင်ကြားမှုတွေထဲက အရေးယူတာဖြစ်တယ်လို့သိရပါတယ်။
အရေးယူဆောင်ရွက်မှုအနေနဲ့လည်း ယခင် မ.ထ.သ လက်ထက်ကကျင့်သုံးခဲ့တဲ့စည်းကမ်းချက် ၁၃၈ ချက်အတိုင်းအရေးယူဆောင်ရွက်ကြောင်းထုတ်ပြန်ထားပါတယ်။
YBSတွေကို Yangon Bus Operator ကနေစောင့်ကြည့်တာနဲ့ယာဉ်လိုင်းတွေမှာ တယ်လီမက်တစ်စနစ်တပ်ဆင်ထားကာ ယာဉ်မောင်းနဲ့ခရီးသွားတွေရဲ့လုံခြုံရေးကိစ္စ အရေးပေါ် တစ်ခုခုဖြစ်ပါကဆက်သွယ်နိုင်ရန် စီစဉ်ထားတယ်လို့သိရပါတယ်။
MyanmaPlatfofrm
No comments:
Post a Comment